Endoscopy

The Endoscopy department is an example of medically advanced facilities available at City Hospital.

The hospital employs the latest technology and instruments for imaging of the body organs using Digital Video Zooming System and special Video Endoscopes (‘tubes’ with video camera attached). This allows us to view the insides of the internal organs in high pixels; endoscopic procedures can also involve administration of medications to the diseased areas, excision of tumours and taking biopsy.

Using the Video Endoscope, we are able to obtain a clear image for accurate diagnosing and simultaneously conduct interventions (for treatment).

In our endoscopy department, the experienced specialists can perform
1. Gastroscopy
2. Colonoscopy
3. Endoscopic Retrograde Cholangiopancreatography
4. Respiratory Tract Endoscopy

အဆင့်မြင့်မြို့တော်ဆေးရုံတွင်မှန်ပြောင်းကြည့်ဌာန(Endoscopy)ကို လူကြီးမင်းတို့၏ကျန်းမာရေး စောင့်ရှောက်မှုအား နိုင်ငံတကာအဆင့်မှီ
ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဖွင့်လှစ်ထားပါသည်။မှန်ပြောင်းကြည့်ဌာနတွင်တပ်ဆင်ထားသောမှန်ပြောင်းများမှာ နောက်ဆုံးပေါ်ဒစ်ဂျစ်တယ်
ပုံရိပ်ဖော်၊ ပုံရိပ်ဖမ်းစက်(Digital Video Zooming system)တပ်ဆင်အသုံး ပြုထားသော (Video Endoscope) မှန်ပြောင်း များဖြစ်ပါသည်။
ယင်းနောက်ဆုံးပေါ် အဆင့်မြင့် မှန် ပြောင်းများ အသုံးပြုခြင်းအားဖြင့် အစာအိမ်နှင့်အူလမ်း ကြောင်း ၊ အသက်ရှုလမ်းကြောင်းများ၏ အတွင်းနံရံ များကိုအနီးကပ်ပုံကြီးချဲ့၍ကြည်လင်ပြတ်သားစွာကြည့် ရှုစစ်ဆေးနိုင်ခြင်း၊ ရောဂါဖြစ်သောနေရာတွင် ဆေးထိုးခြင်း၊ အသားပိုအလုံးအကျိတ်များကိုဖြတ်တောက်ခြင်း၊ အသားစယူ၍ ဓါတ်ခွဲကြည့်ရှုခြင်း၊ သွေးယိုစီးမှုရှိသော နေရာများ ပိတ်ဆို့ကုသမှုပေးနိုင်ခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်ပါသည်။

 
ထို့ပြင်မှန်ပြောင်းကြည့်ရှုနေစဉ်နှင့် ကြည့်ရှုမှုတစ်ခုလုံးကို ဓါတ်ပုံရိုက်ယူခြင်း၊ ဗီဒီယို၊ ကွန်ပြူတာစနစ်ဖြင့် ကူးယူမှတ်တမ်းတင်ခြင်းတို့ကို
ပြုလုပ်နိုင်ပါသည်။
 
ဤအဆင့်မြင့် Video Endoscope မှန်ပြောင်းများဖြင့်ကြည့်ရှုစစ်ဆေးခြင်းအားဖြင့်အခြားသောရောဂါ ရှာဖွေစစ်ဆေးစမ်းသပ်မှုများထက် ပိုမိုတိကျ၍
မျက်ဝါး ထင်ထင်တွေ့ရှိရခြင်း၊ ရောဂါကုသမှုကိုပါတစ်ပြိုင်နက် ပြုလုပ်နိုင်ခြင်းတို့ကြောင့် အချို့သော ခွဲစိတ်ကုသမှုများ ကို ရှောင်ရှားနိုင်ပါသည်။
 
မှန်ပြောင်းကြည့်ဌာနတွင်
၁။   အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း။
၂။   အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း။
၃။   သည်းခြေလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း။
၎။   အသက်ရှူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း
တို့ကို သက်ဆိုင်ရာ ဝါရင့်ကျွမ်းကျင်သော အထူးကု ဆရာဝန်ကြီးများမှ ကုသမှုပေးလျက်ရှိပါသည်။
 
 
Follow us:  City Hospital Mandalay                               © Copyright 2017. City Hospital Mandalay.