Patients & Visitors Guide

Thank you very much for choosing City Hospital Mandalay. Your trust is our pride. Here at city hospital we are best at what we do: diagnosis and treatment by experienced and outstanding specialists using technologically advanced medical devices and highly trained staff and assistants.

Choosing your room

We have a large variety of rooms to meet your specific requirements and to maximize your comfort. The room ranges from economy type to suites. All the rooms are facilitated with air-conditionings, satellite televisions, telephones, thermal flasks and fridges. Moreover emergency switches, nurse alarm and oxygen channels are installed in the rooms. Prices differ slightly depending on the size of the room and number of beds.

Even though we try our best to put you in the room of your preference, there could be unavailability due to a large number patience and their higher scale of emergency. In that case, your second or third preference room will be given to you and as soon as it becomes available you will be given priority to move if desired.

Click here to check the Inpatient Room Types.

 Inpatient Registration

Inpatient registration is to be done at the inpatient department located in the main tower of the hospital. Doctor, nurses and other staff from the inpatient will assist you with the registration procedure. You can present your specialist’s referral letter here. While you are temporarily resting at the inpatient department, doctors and nurses that are on duty will carry out the necessary preparations tests and procedures. If the emergency treatment is required, the clinic doctors will contact the referring specialist and follow the information and instructions given by the specialist.

 

What to bring with you

Following are some of the documents and items that you will need to bring to hospital as an in-patient.

  1.  Referral letter from your current surgeon/specialist
  2. Previous X-rays and test results
  3. Medicines that you are currently taking or injections
  4. Change of clothes
  5. Toiletries such as soap, toothbrush and toothpaste

 

        City Hospital’s Health Care Club Member card if you have one, so that you will get member benefits.

 

Operation

When you have to get a surgery as an outpatient, we suggest that you arrive at the hospital two hours before on the day of surgery. So that doctors and nurses can do preparation works to rest and calm the patients and to carry out the required procedures.  Supplementary documents include:

  1. Reference from the surgeon
  2. Medical records from your specialist
  3. Previous X-rays and test reports.

 

 Deposit

Whether you are admitted to the hospital as an impatient or an outpatient operation patient, you are bound to pay a deposit. The amount of deposit varies with the predicted days of your stay, type of your room and type of the treatment received. The department will be able to assist you with predicting your charges. The receipt of the deposit money should be retained for reference when making final payments. Price of any medicine and diagnostic procedures taken will be deducted from the deposit to make your stay more convenient.

 

Payment

Payment is by cash only. Myanmar citizen will be charged by Myanmar Kyat and Foreigners with either FEC or Myanmar kyat. When you are discharged, you should allow doctors and nurses for up to 30 minutes to calculate the total charges. We wish you a fast recovery and a good health.

 

 

အဆင့်မြင့်မြို့တော်ဆေးရုံကို လူကြီးမင်းရွေးချယ်သည့်အတွက် များစွာကျေးဇူးတင်ပါသည်။
အဆင့်မြင့်မြို့တော်ဆေးရုံ အနေဖြင့်နောက်ဆုံးပေါ်ခေတ်မီ အဆင့်မြင့် စက်ကိရိယာများ၊ တတ်ကျွမ်းသော ဝါရင့်ပညာရှင်များ၊ အထူးသင်တန်းပေးထားသော ဝန်ထမ်းများဖြင့် လူကြီးမင်းရဲ့ရောဂါကို ရှာဖွေပြီး စိတ်ချမ်းသာစွာ ကုသမှုခံယူရေးအတွက် အထူးဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။

 
အခန်းရွေးချယ်ခြင်း
အဆင့်မြင့်မြို့တော်ဆေးရုံမှာ လူကြီးမင်းရွေးချယ်စရာ အခန်းအမျိုးအစားများစွာရှိပါတယ်။ ဈေးနှုန်းသင့်တင့်သည့်အခန်းများလည်းရှိပြီး၊ လူကြီးမင်းအတွက် အစစအရာရာ အဆင်ပြေအောင် ဖြည့်ဆည်းပေးထားတဲ့ အဆင့်မြင့်အခန်းများလည်းရှိပါတယ်။ အခန်းအားလုံးဟာ လေအေးပေးစက်၊ ရုပ်မြင်သံကြားနှင့်ဂြိုဟ်တုစလောင်းစက်၊ တယ်လီဖုန်း၊ ရေနွေးဓါတ်ဗူး၊ ရေခဲသေတ္တာများ အပြင် အရေးပေါ်ဆရာဝန်၊ ဆရာမများခေါ်နိုင်သော စနစ်နှင့် အောက်ဆီဂျင်ပိုက်လိုင်းစနစ် တပ်ဆင်ထားပါသည်။
ဈေးနှုန်းကတော့ အခန်းအကျဉ်း၊ အကျယ်၊ ကုတင်အရည်အတွက် လိုက်ပြီး အနည်းငယ်စီကွာပါတယ်။ အဆင့်မြင့်မြို့တော်ဆေးရုံ အနေနှင့် လူကြီးမင်းနှစ်သက်တဲ့ အခန်းရရှိရေးကို အစွမ်းကုန်ဆောင်ရွက်ပေးမှာဖြစ်သော်လည်း သေချာပေါက်ခန့်မှန်းလို့မရတဲ့လူနာများ ဆေးရုံဆင်း ရက်နဲ့ အရေးပေါ် လူနာများကြောင့် တခါတရံ လူကြီးမင်း လိုချင်တဲ့ အခန်းအမျိုးအစားကို ချက်ချင်းမရတာ ဖြစ်တတ်ပါတယ်။အကယ်၍ လူကြီးမင်းဆေးရုံတက်တက်ချင်း လူကြီးမင်းလိုချင်တဲ့အခန်းမရပါက အဲဒီအခန်းအမျိုး အားလျှင် ချက်ချင်း လူကြီးမင်းကိုပြောင်းပေးမှာဖြစ်ပါတယ်။
Click here to check the Inpatient Room Types.
 
အတွင်းလူနာမှတ်ပုံတင်ရန်ကိစ္စ
လူကြီးမင်းအနေနှင့် အတွင်းလူနာ အဖြစ် တက်ရောက် ကုသမည်ဆိုလျှင် အဆင့်မြင့်မြို့တော်ဆေးရုံ၏ပင်မဆောင်တွင်ရှိသော အတွင်းလူနာမှတ်ပုံတင် ဌာနက ဝင်ရမှာဖြစ်ပါသည်။ အဲဒီ ဌာနမှာပဲ လူကြီးမင်းကို အတွင်းလူနာ အဖြစ်မှတ်ပုံတင်ရေးအတွက် ဆရာဝန်၊ ဆရာမများ နှင့် အခြားဝန်ထမ်းများမှ ကူညီပေးမှာဖြစ်ပါတယ်။ လူကြီးမင်းကို ကုသတဲ့ ဆရာဝန်ကြီးများထံမှ စာများပါလျှင် အဲဒီဌာနမှာ ထုတ်ပြရမှာ ဖြစ်ပါတယ်။ အဲဒီဌာနမှာပဲ သက်တောင့်သက်သာ ခေတ္တနားနေရင်းဆေးခန်းမှ တာဝန်ကျဆရာဝန်၊ဆရာမများက လူကြီးမင်းကိုလိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အရေးပေါ်ကုသမှုများလိုအပ်ပါက လူကြီးမင်းအား ကုသ ပေးမည့် ဆရာဝန်ကြီးများနှင့် ဆက်သွယ်ပြီး ၎င်းဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်အတိုင်း ဆေးခန်းမှ ဆရာဝန်၊ ဆရာမများက ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
 
ဘာတွေယူလာရမှာလဲ
လူကြီးမင်းအနေဖြင့် အတွင်းလူနာအဖြစ်တက်မယ်ဆိုလျှင် အောက်ပါစာရွက်စာတမ်းများနှင့် ပစ္စည်းများကိုယူလာဖို့ လိုပါလိမ့်မယ်။
၁။ လူကြီးမင်းကိုကုသပေးနေသည့်ဆရာဝန်ကြီး၏ဆေးမှတ်တမ်း(သို့)ကုသပေးမည့် ဆရာဝန်ကြီး၏စာ (အကယ်၍ရှိခဲ့လျှင်)
၂။ ဓါတ်မှန်များနှင့် ဓါတ်ခွဲစမ်းသပ်မှုအဖြေများ(အကယ်၍ရှိခဲ့လျှင်)
၃။ လူကြီးမင်းလက်ရှိသောက်နေ၊ ထိုးနေရသော ဆေးအမည်များနှင့် သုံးစွဲမှုစံနှုန်းများ
၎။ အဝတ်အစားများ
၅။ ရေချိုးခန်းသုံးပစ္စည်းများ (ဥပမာ-သွားတိုက်ဆေး၊သွား ပွတ်တံ၊ဆပ်ပြာစသည်)
၆။ အခြားလိုအပ်မည့်အသုံးအဆောင်ပစ္စည်းများ
၇။ အဆင့်မြင့်မြို့တော်ဆေးရုံ ကျန်းမာရေးစောင့်ရှောက်မှု ကလပ်အသင်းသား (City Hospital's Health Care Club Members) အနေနှင့် အသင်းဝင်ကဒ်ပြား ယူဆောင်လာဖို့ လိုပါတယ်။ သို့မှသာ အသင်းသားများရဲ့အကျိုးခံစားချက်ကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါသည်။
 
ပင်မလူနာခွဲစိတ်ခြင်းကိစ္စ
လူကြီးမင်းအနေနှင့် ပြင်ပလူနာအဖြစ်ခွဲစိတ်ကုသမှုခံယူလိုပါကခွဲရမည့် အချိန်ထက်(၂)နာရီခန့်စောပြီး ဆေးရုံကိုလာဖို့ လိုပါတယ်။ ဤသို့စောပြီးလာရခြင်းမှာ လူကြီးမင်းအနေနှင့် မခွဲစိတ်မီ သက်တောင့်သက်သာနားနေရန်လိုအပ်သည့်အပြင် ဆောင်ရွက်ရမည့် စမ်းသပ်မှုများကို ဤဆေးရုံမှ ဆရာဝန်၊ ဆရာမများက ဆောင်ရွက်ပေးရမည် ဖြစ်ပါတယ်။
ပြင်ပလူနာခွဲစိတ်ခြင်းအတွက် အောက်ပါစာရွက်စာတမ်းများ ယူလာဖို့လိုပါတယ်။
၁။ လူကြီးမင်းကို ခွဲစိတ်ပေးမည့်ဆရာဝန်ကြီး၏ညွှန်ကြားစာ
၂။ လူကြီးမင်းကို ကုသနေသည့် ဆရာဝန်ကြီး၏ ဆေးမှတ်တမ်း (အကယ်၍ရှိခဲ့လျှင်)
၃။ ဓါတ်မှန်များနှင့် ဓါတ်ခွဲစမ်းသပ်အဖြေများ (အကယ်၍ရှိခဲ့လျှင်)
 
စပေါ်ငွေကြိုတင်ပေးသွင်းခြင်း
လူကြီးမင်းအနေ နှင့် အတွင်းလူနာ အဖြစ်သော်လည်းကောင်း၊ ပြင်ပလူနာ ခွဲစိတ်ခြင်းကိစ္စနှင့်သော်လည်းကောင်း တက်ရောက်မည်ဆိုပါက စပေါ်ငွေကြိုတင်ပေးဖို့လိုပါတယ်။ စပေါ်ငွေ ပမာဏကတော့ ကုသမည့်လုပ်ငန်း၊ မိမိယူမည့် အခန်း အမျိုးအစားနှင့် ခန့်မှန်းတက်ရောက်ရမည့်ရက်အပေါ် မူတည်ပါတယ်။ ခန့်မှန်းကုန်ကျငွေကို စုံစမ်းမေးမြန်းတိုင်ပင်ရန် ဌာနတွင် မေးမြန်းနိုင်ပါတယ်။ စပေါ်ငွေပေးသည့်အခါ ထုတ်ပေးထားတဲ့ပြေစာကို လူကြီးမင်းအနေဖြင့် သိမ်းထားဖို့ လိုအပ်ပါလိမ့်မယ်။ လူကြီးမင်း အဆင်ပြေစွာဆေးရုံတက်နိုင်ရန် အသုံးပြုမည့် ဆေးဝါးနှင့် ဓါတ်ခွဲစမ်းသပ်မှုများအတွက် ငွေထပ်မံပေးရန် မလိုတော့ဘဲ ၎င်းစပေါ်ငွေမှသာ ခုနှိမ်သွား မှာဖြစ်ပါတယ်။
လူကြီးမင်းဆေးရုံမှဆင်းတဲ့အခါ ကျသင့်ငွေထက် စပေါ်ငွေ ကပိုနေလျှင် ပိုတဲ့ငွေကို ပြန်အမ်းပေးမှာဖြစ်ပါတယ်။ကုန်ကျ ငွေက စပေါ်ငွေထက်ပိုနေပါက ငွေထပ်မံပေးသွင်းဖို့ လိုပါလိမ့်မယ်။
 
ငွေပေးချေမှု
ငွေပေးချေမှုကိုတော့ငွေသားဖြင့်ပေးချေရမည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအနေနှင့် ကျပ်ငွေနဲ့ပေးချေရမှာဖြစ်ပြီး နိုင်ငံခြားသားအနေနဲ့ကတော့ F.E.C (သို့) မြန်မာကျပ်ငွေဖြင့် ပေးချေနိုင်ပါတယ်။
လူကြီးမင်းဆေးရုံက ဆင်းတဲ့အခါ တာဝန်ကျဆရာဝန် ဆရာမ များကို ကြိုတင်အကြောင်းကြားပြီးလျှင် ငွေစာရင်း ရှင်းတမ်း တွက်ချက်ရန်အတွက် အချိန်မိနစ်(၃ဝ)ခန့် ပေးဖို့ လိုပါတယ်။
လူကြီးမင်းအနေနှင့်အဆင့်မြင့်မြို့တော်ဆေးရုံ မှာတက်ရောက်ကုသနေစဉ် အစစ အရာရာအဆင်ပြေပြီး ခံစားနေရတဲ့ရောဂါများပျောက်ကင်း၍ အနာဂတ်ကာလမှာ ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Follow us:  City Hospital Mandalay                               © Copyright 2017. City Hospital Mandalay.