ရေကျပီးနောက် သတိထားစရာ ၀မ်းပျက်၀မ်းလျှောရောဂါ

ရေကြီးမှုရေလျှံမှုကြောင့် သောက်ရေသုံးရေညစ်ညမ်းလာပြီး နောက်ဆက်တွဲ အန္တရာယ်အနေနဲ့ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်လာနိုင်ပါတယ်

သောက်ရေသုံးရေညစ်ညမ်းမှုကြောင့် အဓိက ဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကြိုတင်ကာကွယ်ဖို့

▫️တွင်းရေ၊ တုံကင်နဲ့ စက်ရေတွင်းတွေကို သန့်စင်ဆေးကြောပြီး၊ ကလိုရင်း ဆေးခပ်ပေးခြင်း၊ ဆေးမခပ်နိုင်သေးခင်မှာတော့ ရေကို ကျိုချက်ပြီး သောက်သုံးခြင်း

▫️ရေကြီးချိန်ဖြစ်ပေမယ့် သန့်ရှင်းတဲ့အစားအသောက်များကိုသာ တတ်နိုင်သမျှ စားသောက်ခြင်း၊

▫️အစားအသောက်တွေကို မကိုင်တွယ်မီ လက်ကိုစင်အောင်ဆေးခြင်း၊

▫️အစားအသောက်ထည့်တဲ့ အိုးခွက်တွေကို ရေကြီးနေတဲ့ ရေတွေနဲ့ ဆေးကြောခြင်းများကိုရှောင်ကြဥ်ခြင်းဖြင့် ၀မ်းရောဂါကို ကာကွယ်နိုင်ပါတယ်

ဒါ့အပြင် ယင်မှတစ်ဆင့် ‘Vibrio cholerae’ ဆိုတဲ့ ဘတ်တီးရီးယားဟာ အစားအသောက်တွေထဲ ရောက်လာကာ ကာလဝမ်းရောဂါ ဖြစ်လာနိုင်ပါသေးတယ်‼️

❕️ရောဂါလက္ခဏာ အနေနဲ့ကတော့
ဝမ်းအရည်ကျဲကျဲတွေ အကြိမ်များများ သွားခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ဆန်ဆေးရည်လို ၀မ်းဖြူဖြူသွားခြင်းများ ဖြစ်တတ်ပါတယ်

ကာလဝမ်းရောဂါဟာ ရေကြီးခြင်းနဲ့အတူ ကပ်ရောဂါအသွင် ရောက်ရှိလာတတ်တာမို့ မိဘပြည်သူများ အထူးဂရုပြု ကြိုတင်ကာကွယ်ကြပါလို့ တိုက်တွန်းပါရစေ ခင်ဗျာ 🙏

Gallery