မြို့တော်ဆေးရုံ၏ ဓာတ်ခွဲခန်းသည် ခေါတ်မှီနည်းပညာသုံး ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးသော စက်ကိရိယာများဖြင့် တပ်ဆင်ထားပြီး အရည်အသွေးပြည့်ဝသော ဓါတ်ခွဲစမ်းသပ်မှု အမျိုးအစားပေါင်းများစွာကို မှန်ကန်တိကျမြန်ဆန်စွာ စစ်ဆေးပေးလျက်ရှိပါသည်။
ရရှိနိုင်သော ဓါတ်ခွဲဝန်ဆောင်မှုများမှာ
• လူခန္ဓာကိုယ်အား ရောဂါဖြစ်ပွားစေသော ဘက်တီးရီးယားများကို အမျိုးအစားတိကျစွာ ရှာဖွေပေးပြီး ထိရောက်မှန်ကန်သော ပဋိဇီဝပိုးသတ်ဆေးပေးနိုင်ရန်စစ်ဆေးသော Fuly Automated Culture & Sensitivity စစ်ဆေးခြင်း
• ကင်ဆာရှာဖွေရာတွင် အရေးပါသော Immunohistochemistry (IHC) Cancer markers များ စစ်ဆေးခြင်း
• ကင်ဆာရှိမရှိ အသားစ (Biopsy) ရောဂါရှာဖွေစစ်ဆေးခြင်းကို Sakura Tissue Processor ကို အသုံးပြု၍ စစ်ဆေးပြီး ရောဂါဗေဒ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကြည့်ရှု၍ တိကျစွာ ရောဂါအဖြေထုတ်ပေးခြင်း
• ခန္တာကိုယ်အတွင်းရှိ ဆဲလ်များ၊ အရေများမှ (Cytology) ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် အမျိုးသမီးသားအိမ်ခေါင်းဆဲလ် (Pap test) စစ်ဆေးခြင်းတို့ကို WHO အသိအမှတ်ပြု Thinprep နည်းပညာဖြင့် တိကျစွာ စစ်ဆေးပေးခြင်း
• Real–Time PCRနည်းပညာဖြင့် ဘီပိုးကောင်ရေ၊ စီပိုးကောင်ရေ နှင့် သားအိမ်ခေါင်းကင်ဆာဖြစ်စေသော HPV ပိုးများစစ်ဆေးပေးခြင်း
• အဆင့်မြင့်နည်းပညာသုံး စက်အသစ်ကြီးများဖြင့် Serology test၊ Tumour markers test၊ Immunology test၊ Hormene test၊ Coagulation test၊ Biochemistry test၊ Microbiology test၊ Special chemistry test များစစ်ဆေးခြင်း စသည့် ဓါတ်ခွဲစစ်ဆေးမှု အမျိုးအစားပေါင်းများစွာကို တစ်နေရာထဲတွင် မိဘပြည်သူများအတွက် မှန်ကန်တိကျစွာ စစ်ဆေးပေးလျက်ရှိပါသည်။